အာလူး ကတ်တလစ်ကြော်

အာလူး ကတ်တလစ်ကြော်
၁။ ရွှေလိပ်ပြာ၇၅ ဂရမ်
၂။ အာလူး၄၀ ကျပ်သား ( ၆၅၀ ဂရမ် )
၃။ ကြက်သွန်နီ၂ လုံး
၄။ ကြက်သွန်ဖြူအနည်းငယ်
၅။ ဂျင်းလက်တစ်ဆစ်
၆။ မြေပဲလှော်အနည်းငယ်
၇။ ငရုပ်သီးစိမ်း၆ တောင့်
၈။ နံနံပင်အနည်းငယ်
၉။ ဟင်းခတ်မှုန့်အနည်းငယ်
၁၀။ မဆလာ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း )
၁၁။ အရောင်တင်မှုန့်၂ ဇွန်း ( လက်ဖက်ရည်ဇွန်း)
၁၂။ ဆားဇွန်းတစ်ဝက် ( လက်ဖက်ရည်ဇွန်း)
  • ၁။ အာလူး ၄၀ကျပ်သားကို ပြုတ်ပါ။ နူးလျှင် အခွံခွာ၍ ကျေအောင်ချေပေးပါ။
  • ၂။ ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ အနည်းငယ် နှင့် ဂျင်းလက်တစ်ဆစ်ခန့်ကို ဆီသတ်ပါ။
  • ၃။ အာလူးထဲကို ဆီသတ်ထားသော ကြက်သွန်နီ ၊ မြေပဲလှော်နှင့် ငရုပ်သီးစိမ်း ၆ တောင့် ပါးပါးလှီးထည့်ပါ။ နံနံပင်ထည့်ပါ။ အရသာမှုန့် အနည်းငယ် ၊ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် ၊ အရောင်တင်မှုန့် ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) ၊ ရွှေလိပ်ပြာအကြော်မှုန့် ၇၅ ဂရမ် ( သို့ ) အထုပ်တစ်ဝက်ထည့်ပါ။
  • ၄။ သမအောင်နယ်ပါ။ နယ်၍ ရလျှင် အနေတော်အလုံးများပြုလုပ်၍ ကြော်ပါ။

အာလူးကတ်တလစ်ကြော်ရပါပြီ။

Video