မုန့်ကျွဲသဲ ပြုလုပ်နည်း

မုန့်ကျွဲသဲ ပြုလုပ်နည်း
၁။ မွှေးရှယ်ဆန်စိမ်းမှုန့်200 g
၂။ ထုံး၂ ဇွန်း
၃။ ဆား၁ ဇွန်း
၄။ ထန်းလျက်၂၀ ကျပ်သား
၅။ အုန်းသီးဆံအနည်းငယ်
၆။ ရေ ( ဆန်မှုန့်ဖျော်ရန်)500 ml
၇။ ရေ ( ထန်းလျက်ဖျော်ရန်)300 ml
၈။ ရေ ( ထုံးရေကြည်ဖျော်ရန်)800 ml
  • ၁။ ကွမ်းစားထုံး ၂ ဇွန်းကို ရေ ၁ လီတာဖြင့် ဖျော်၍ တစ်ည စိမ်ထားပါ။
  • ၂။ ထန်းလျက် ၂၀ ကျပ်သား ကို ရေ ၃၀၀ မီလီ ထည့်ကျိုပါ။ ရလျှင် ဇကာဖြင့် စစ်ထားပါ။
  • ၃။ မုန့်ကျွဲသဲ ပြုလုပ်ရန်အတွက် ညသိပ်ထားသော ထံုံးရေကြည်ကို ယူပါ။
  • ၄။ မွှေးဆန်စိမ်းမှုန့် ၂၀၀ ဂရမ်ကို ဆားအနည်းငယ် ၊ ရေ ၅၀၀ မီလီ ထည့်၍ မွှေပါ။ ထို့နောက် ထုံးရေကြည် ၈၀၀ မီလီ ၊ ကြိုထားသော ထန်းလျက်ရည် တို့ကို ထည့်၍ မွှေပါ။
  • ၅။ စ၍ ကြိုပါမည်။ မီးအသင့်အတင့်ထားပေးပါ။ ဒယ်အိုးထဲသို့ မုန့်ရည်လောင်းထည့်ချိန်တွင် ဇကာဖြင့် စစ်၍ လောင်းထည့်ပါ။
  • ၆။ ညောင်စေးကျလာသည်အထိ အဆက်မပြတ်မွှေပေးပါ။
  • ၇။ ဗန်းကို ဆီအနည်းငယ် လူးထားပါ။ ညောင်စေးကျလာလျှင် ဗန်းထဲသို့ လောင်းထည့်၍ အအေးခံပေးပါ။
  • ၈။ အေးလာလျှင် အနေတော်အတုံးများတုံး၍ အုန်းသီးဆံဖြူးပြီး သုံးဆောင်နိုင်ပါသည်။

Video